ငပိရည်တို့စရာ ကိုလွမ်းတယ်။ ငါးပြေမဆီပြန်ကိုလွမ်းတယ်။ ကြက်သားငရုတ်သီးချက် ငါးသလောက်ပေါင်း အဖျော်ကြော် ထမင်းရည် ချဉ်ရေဟင်း ကကတစ်ကြော်နှပ် နဲ့
ငါးရံ့ဆီပြန် အားလုံးအားလုံးကို လွမ်းတယ်။ အဟုတ်ပါ၊ တကယ်ပါ။ အလုပ်ကပြန်လာရင် အမေချက်ထားတဲ့ ငပိရည်တစ်ဇလုံကို ဟင်းနုနွယ်၃စည်းပြုတ်ပြီး တို့စားခဲ့တာကို
အိပ်မက်တောင်မက်တယ်။ မနက်ပိုင်း မီးပျက်လို့ မီးသွေးနဲ့ချက်ရင် အမေ ထမင်းရည်ငှဲ့ထားတတ်တာကိုလဲ သတိရတယ်။ စာရေးနေတုန်း နာရီက ၁၂ခွဲတော့မှာကို
အချက်ပေးတော့ ဟင်းအမယ်မထပ်အောင်ချက်တတ်တဲ့ အမေ့ကို သတိရတယ်။ ဒီမှာတော့ အာလူး ပဲ ငရုတ်ပွ ဒိန်ချဉ် ကြက်ဥ နွားနို့ ပေါင်မုန့် ကလွဲရင် ဘာမှမရ။
ကိုယ့်ဖာသာလဲ မဝယ်တတ် မချက်တတ်။ ရာသီဥတုကလည်း ပူခြောက်ခြောက်။ ဘာမှန်းကိုမသိတော့ဘူး။ နောက် နာရီဝက်ဆို ထမင်းသွားစားရတော့မယ်။
ငပိရယ် နင့်ကိုငါလွမ်းလိုက်တာဟယ်။
ကျွန်တော်ခု သက်သက်လွတ် အကြီးအကျယ်စားတဲ့နေရာကို ရောက်နေတာပါ။ အိမ်နဲ့လည်း မိုင်ထောင်ချီဝေးနေပါတယ်။ ပိုဆိုးတာက အိမ်ကလဆန်းထဲက ပို့လိုက်တာတွေက ယူလာပေးတဲ့လူကြုံ ကမ္ဘာပတ်နေလို့ ခုထိကိုမရောက်သေးတာပါ။ ကျွန်တော့ကို သနားကျပါ။ နိုတောင် နိုချင်လာပြီ။ ဟင့်ဟင့် ရွှတ်ဖတ်
P.S post မရေးတာတော်တော်ကြာနေလို့ ကျွန်တော့ရဲ့သွေးပျက်ဖွယ် လက်ရှိအချေအနေလေးကိုပဲ တင်လိုက်ပါတယ်။