ရေးချင်တာ ရေး... ရေးပြီး မုန့်ကျွေး... :P


Saturday, November 29, 2008

FlashBand မှသီချင်းများ download လုပ်ရန်

သိပြီးသားဖြစ်နေမလားတော့ မပြောတတ်ဘူး။ ရုံးကသူငယ်ချင်းမေးလို့ ဒီပို့စ်ကို တင်လိုက်တာပါ။ တနေ့ကရုံးမှာ ရီစရာသီချင်း share ကြတော့ အားလုံးက original song ကို တောင်းတယ်လေ။ ဒါနဲ့ သူငယ်ချင်းက flashband ကသီချင်း link ကို ပေးတော့ ၊ အားလုံးက download ချပေးဖို့ပြောတယ်။ သူက "flashband ကနေ download မရလို့ပါ" ဆိုတာနဲ့ ၊ ကျွန်တော်လည်း စမ်းကြည့်လိုက်တာလေ။ ကျွန်တော့ဆီမှာက downloader ၂ခု ၃ခုလောက်ရှိတာဆိုတော့ OK သွားတာနဲ့ အားလုံးဆီကို share လိုက်တာပါ။

အရင်ဆုံး ရှိရမှာကတော့ မရှိမဖြစ် FireFox ပါပဲ။
နောက် ဒုတိယ ရှိရမှာက IDM CC 5.6 FireFox Extension ပါပဲ။
နောက်ဆုံးလိုတာကတော့ မိမိ အသုံးပြုတဲ့ စက်မှာ IDM ရှိဖို့ပါပဲ။ Install လုပ်ထားစရာမလိုပါဘူး။ ကျွန်တော့စက်မှာဆို သူများစက်က install လုပ်ထားတဲ့ folder တစ်ခုလုံး copy ဆွဲပြီးထည့်ထားတာ။
(IDM ကလူတိုင်းသုံးတဲ့ downloader ဆိုတော့ ကျွန်တော် install link မပေးတော့ဘူးနော်။)

ဒီ၃ခုရှိပြီဆိုရင် flashband မှာကိုယ်ကြိုက်တဲ့ Albumကိုဖွင့် သီချင်းရွေးပြီး Play နှိပ်လိုက်တာနဲ့ IDM က download လုပ်ပေးပါလိမ့်မယ်။


Thursday, November 20, 2008

စက်ရပ်သတင်း

GCMyanmar Teamအတွက် အသင်းခေါင်းဆောင် Ma Eveမှ စစချင်း ဈေးဦးပေါက် ဗွေဆော်ဦး Goalကို ယခုနှစ် သီတင်းကျွတ်ရာသီတွင် သွင်းသွားပါပြီ... :) ထိုကဲ့သို့ Goalများ သွင်းရန်အတွက် အသင်းထဲတွင် Ma Amy, Sophia, Mabel, Vivianစသော လူငယ်ခြေတက်များလည်း ကျန်ရှိနေပါသေးသည်... :P ထို့ကြောင့် GCMyanmar Team၏ နောက်လာလတ္တံ့သော နောက်ဆက်တွဲ ဒုတိယမြောက် Goalကို မည်သည့် လူငယ်ခြေတက်မှ သွင်းယူမည်ကို ပရိသတ်များက မျှော်လင့်စောင့်စားလျက် ရှိကြပါသည်... :D

စာကြွင်း... အထက်တွင် ဖော်ပြထားသော လူငယ်ခြေတက်များမှာ လူအများသိရှိထားပြီးသော လူငယ်ခြေတက်များ ဖြစ်ပါသည်... လူအများ မသိရှိထားသေးသော ရွက်ပုန်းသီး လူငယ်ခြေတက်များ ကျန်ရှိနေသေးပါက စာရင်းပေးသွင်းနိုင်ပါကြောင်း... :P

Tuesday, November 18, 2008

Photos from Ma Eve's Wedding

Congratulation ma eve!
http://picasaweb.google.com/tnn.nwe/Wedding

Thursday, November 6, 2008

Blendအား ကြွားခြင်း

နီဟုန်းက ပို့လိုက်တဲ့ expression blend 2 တွေပါ။ စရောက်ရောက်ခြင်း ဘယ်လိုဖွင့်ရမယ်မှန်းတောင် မသိဘူး။ သူများက ဒေါင်းလုဆွဲပြီး ခရပ်ပဲလုပ်ဖူးတာကိုး။ အစစ်မှ မသုံးဘူးတာ။ ဟင့်ဟင့်! :(
အဲဒါနဲ့ပဲ သူများတွေကို ကြွားချင်စိတ်ပေါ်လာလို့ ကောက်ခါငင်ခါ ကြွားလိုက်တာပါ။ ဟီးဟီး :P လှတယ်နော် DVD Box လေးက။ DVD ကိုလုပ်ထားတဲ့ပုံလည်း တော်တော်လှတယ်။ အမြင်ကတ်မှာစိုးလို့ မတင်တော့ဘူး။

Tuesday, November 4, 2008

ဆေးဗားလိုက်၍ ဘလန်းဖတ်ရခြင်း။

တစ်ရုံးလုံး silverlight နဲ့ expression blend ဖတ်ရမယ်ဆိုလို့ ခေါင်းမဖော်နိုင်ဘူး ဖြစ်နေကြပါတယ်။ မနေ့ကပဲ ၂လလုံးလုံး သေကြေလုပ်ရတဲ့ အလုပ်ပြီးလို့ ပျော်မယ်ကြံကာရှိသေး new products ဆိုပြီးဖတ်ခိုင်းလို့ စားနေကြပါတယ်။ blogဘက် ဘယ်သူမှ မလှည့်နိုင်ဘူး ဖြစ်သွားတယ်။
silverlight အကြောင်းသိသူ ရှိသူ(စာအုပ်) ရှိရင် share ပါနော်။ အနော်တို့လည်း study လုပ်ပြီးရင် share ပါ့မယ်။
တော်သေးပြီ။
စာကြွင်း။ ။ မကြာခင် သီမ်းပြောင်းဖို့လုပ်နေပါတယ်။ လာကြည့်ကြပါဦးနော်။