ရေးချင်တာ ရေး... ရေးပြီး မုန့်ကျွေး... :P


Wednesday, December 31, 2008

နေ့

ဒီနေ့
နောက်ဆုံး နေ့
လတစ်လရဲ့ နောက်ဆုံး နေ့
နှစ်တစ်နှစ်ရဲ့ နောက်ဆုံး နေ့
အားလုံးပျော်တဲ့ နေ့
အားလုံးမျှော်တဲ့ နေ့
ကိုယ်မျှော်တဲ့ နေ့
သူမျှော်တဲ့ နေ့
ကလေးတွေမျှော်တဲ့ နေ့
အိမ်ရှင်မတွေမျှော်တဲ့ နေ့
အိမ်ရှင်ထီးတွေမျှော်တဲ့ နေ့
လစာထုတ်တဲ့ နေ့
ရည်းစားနဲ့လျှောက်ပတ်ဖို့ ရေလျှံတဲ့ နေ့
သားသားမုန်းဖိုးရမယ့် နေ့
မီးမီးမုန့်ဖိုးရမယ့် နေ့
ကျူရှင်လခပေးရမယ့် နေ့
ကျောင်းလခပေးရမယ့် နေ့
အင်တာနက်ဖိုးပေးရမယ့် နေ့
ဖုန်းဖိုးဆောင်ရမယ့် နေ့
ဆန်ကုန်တဲ့ နေ့
ဆီကုန်တဲ့ နေ့
မီးသွေးဝယ်ရမဲ့ နေ့
ဖယောင်းတိုင်ဝယ်ရမယ့် နေ့
အပေါင်စာရွက် သက်တမ်းတိုးရမယ့် နေ့
ကလေးတွေကို ဟင်းကောင်းကောင်းချက်ကြွေးနိုင်မယ့် နေ့
ဘေးအိမ်ကချေးထားတဲ့ဆန် ပြန်ဆပ်ရမယ့် နေ့
ဟိုနေ့ ဒီနေ့
ဒီနေ့ ဟိုနေ့
အဲဒီနေ့
သေချာတာပေါ့ကွာ
ဒီနေ့မှ ဒီနေ့
ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့
၂၀၀၈ရဲ့ နောက်ဆုံးနေ့
ဟောဒီက ဗုဒ္ဓဟူးနေ့
နှစ်သစ်ကူးချင်တဲ့ နှစ်ဟောင်းကနေ့တစ်နေ့

Wednesday, December 17, 2008

Remove Keylogger Software

Keylogger (software) - defination
Keylogger is a computer program or hardware device specialized to record your keystrokes. It can record anything that you type, including your passwords, emails, credit card number, etc. Most keyloggers are invisible. They save the recorded keystrokes into a log file or send them to another machine.

Key logger Software ရှိနေပြီဆိုရင် ပုံမှန်အားဖြင့်တော့ (Windows 95/98/Me) သွင်းထားတဲ့စက်တွေမှာဆိုရင် C:\Windows\System အောက်မှာရှိနေတတ်ပါတယ်။ (Windows NT/2000) ဆိုရင် C:\WINNT\System32 (Windows XP) မှာဆိုရင် C:\Windows\System32 အောက်တွေမှာတွေ့ ရတတ်ပါတယ်။ tikl.exe, tikl32.dll, tikl.log ဆိုတဲ့ Name တွေနဲ့ ရှိနေတတ်ပါတယ်။

ခုကျွန်တော်ပြောမယ့် Keylogger ဖျက်မယ့် အဆင့်တွေကတော့ Tiny Keylogger ဆိုတဲ့အမျိုးအစားအတွက်ဖြစ်ပါတယ်။

  1. Start the registry editor. This is done by clicking Start then Run. (The Run dialog will appear.) Type regedit and click OK. (The registry editor will open.)
  2. Browse to the key:'HKEY_LOCAL_MACHINE \ SOFTWARE \ Microsoft \ Windows \ CurrentVersion \ Run'
  3. In the right pane, delete the value called 'TiKL', if it exists.
  4. Browse to the key:'HKEY_CURRENT_USER\ SOFTWARE \ Microsoft \ Windows \ CurrentVersion \ Run'
  5. In the right pane, delete the value called 'TiKL', if it exists.
  6. Delete 'HKEY_CURRENT_USER\SOFTWARE\TiKL', if it exists.
  7. Exit the registry editor.
  8. Restart your computer.
  9. Delete the following files:%SystemDir%\tikl.exe%SystemDir%\tikl.log%SystemDir%\tikl32.dllNote: %SystemDir% is a variable (?). By default, this is C:\Windows\System (Windows 95/98/Me), C:\WINNT\System32 (Windows NT/2000), or C:\Windows\System32 (Windows XP)

လွယ်လွယ်ကူကူပဲ သတ်ချင်တယ်ဆိုရင်တော့ AVG သွင်းပါ... ပြီးရင် virus defination update ( latest ) လုပ်ပါ။ ပြီးရင်တော့ scan ဖတ်ပါ။

AVG လေးက keylogger ကို သတ်ပေးနိုင်ပါတယ်ခင်ဗျာ။ AVG ကို ဒီမှာ Download လုပ်ပါ။

နောက်ကောင်းတဲ့ Software တွေရှိပါသေးတယ်

Microsoft AntiSpyware Beta

Spyware Doctor

Ad-Aware SE

SpyHunter

eTrust PestPatrol

Spybot - Search & Destroy

နောက်ထပ်တော့အများကြီးရှိသေးတယ်.... လိုချင်တယ်ဆိုရင်လည်း ဒီမှာယူကြပါဗျာ ... :P

WebPI
007 Spy Software
007 Starr
123 PС Spy
2Spy
A Keylogger
AB System Spy
ABCKeylogger
Absolute Key Logger
AceSpy
Actions Monitor
Active Key Logger
Active Monitor
ActiveVB KeyLogger
Activity Keylogger
Activity Logger
ActMon
Advanced Call recorder
Advanced Computer Monitor
Advanced Keylogger
AegisCOM
AGM65s Keylog trojan
Akosch Keylogger
Aku Key Logger
Akuku 889 A
Anserin

Appstraka
Ardamax Keylogger
AtomicLog
Backdoor.IRC.Fusion.20
BagKeys
BEEE
Belkin PCSpy
Beyond Keylogger
BizDefender
Black Box
BlackLog
BlazingTools Perfect keylogger
Boss Everyware
Busted
Call Online Two
Canary
CapScrn
Captain Mnemo Pro
CAPTSR


Cheat Monitor
Chota
CLogger
COM
Com Policy
Complete Keystroke Logger
CompuSpy
Computer Snooper
Computer Spy
ComputerSpy
Conducent
Content Monitor
Covenanteyes
CQMA
CQzjz102sgb

Cyber Informer
Cyber Predator
Cyber Snoop
Dafunks Keylogger
DBdoor
De Llano KeyLogger
Desktop Detective
Desktop Detective 2000
Desktop Scout
Desktop Snooper
Desktop Surveillance
DGSSSoftware keylogger
DirSpy
DKS KeySpy
Donkey KeyLogger
DOS Log
Dr Modem
Dreamscape Keylogger
DSK Lite 1.0


EarSpy

EBlaster
EBlaster
EBlaster 5.0
Edepol
Ehks
Elfrah PCSpy
ElGolf 1.0b
Elhacker Keylogger
EliteKeylogger
EMA Info Grabber
Email PI
Enfiltrator Black Box
ESP

Keyloggers from 1 to 100, page 1
1 2 3 4 5 6 Next

GC Friends တွေကိုမမေ့သေးတဲ့အနေနဲ့ ပိုစ်လာတင်ထားပါ၏။

လေးစားလျှက်

SYNC~

Saturday, November 29, 2008

FlashBand မှသီချင်းများ download လုပ်ရန်

သိပြီးသားဖြစ်နေမလားတော့ မပြောတတ်ဘူး။ ရုံးကသူငယ်ချင်းမေးလို့ ဒီပို့စ်ကို တင်လိုက်တာပါ။ တနေ့ကရုံးမှာ ရီစရာသီချင်း share ကြတော့ အားလုံးက original song ကို တောင်းတယ်လေ။ ဒါနဲ့ သူငယ်ချင်းက flashband ကသီချင်း link ကို ပေးတော့ ၊ အားလုံးက download ချပေးဖို့ပြောတယ်။ သူက "flashband ကနေ download မရလို့ပါ" ဆိုတာနဲ့ ၊ ကျွန်တော်လည်း စမ်းကြည့်လိုက်တာလေ။ ကျွန်တော့ဆီမှာက downloader ၂ခု ၃ခုလောက်ရှိတာဆိုတော့ OK သွားတာနဲ့ အားလုံးဆီကို share လိုက်တာပါ။

အရင်ဆုံး ရှိရမှာကတော့ မရှိမဖြစ် FireFox ပါပဲ။
နောက် ဒုတိယ ရှိရမှာက IDM CC 5.6 FireFox Extension ပါပဲ။
နောက်ဆုံးလိုတာကတော့ မိမိ အသုံးပြုတဲ့ စက်မှာ IDM ရှိဖို့ပါပဲ။ Install လုပ်ထားစရာမလိုပါဘူး။ ကျွန်တော့စက်မှာဆို သူများစက်က install လုပ်ထားတဲ့ folder တစ်ခုလုံး copy ဆွဲပြီးထည့်ထားတာ။
(IDM ကလူတိုင်းသုံးတဲ့ downloader ဆိုတော့ ကျွန်တော် install link မပေးတော့ဘူးနော်။)

ဒီ၃ခုရှိပြီဆိုရင် flashband မှာကိုယ်ကြိုက်တဲ့ Albumကိုဖွင့် သီချင်းရွေးပြီး Play နှိပ်လိုက်တာနဲ့ IDM က download လုပ်ပေးပါလိမ့်မယ်။


Thursday, November 20, 2008

စက်ရပ်သတင်း

GCMyanmar Teamအတွက် အသင်းခေါင်းဆောင် Ma Eveမှ စစချင်း ဈေးဦးပေါက် ဗွေဆော်ဦး Goalကို ယခုနှစ် သီတင်းကျွတ်ရာသီတွင် သွင်းသွားပါပြီ... :) ထိုကဲ့သို့ Goalများ သွင်းရန်အတွက် အသင်းထဲတွင် Ma Amy, Sophia, Mabel, Vivianစသော လူငယ်ခြေတက်များလည်း ကျန်ရှိနေပါသေးသည်... :P ထို့ကြောင့် GCMyanmar Team၏ နောက်လာလတ္တံ့သော နောက်ဆက်တွဲ ဒုတိယမြောက် Goalကို မည်သည့် လူငယ်ခြေတက်မှ သွင်းယူမည်ကို ပရိသတ်များက မျှော်လင့်စောင့်စားလျက် ရှိကြပါသည်... :D

စာကြွင်း... အထက်တွင် ဖော်ပြထားသော လူငယ်ခြေတက်များမှာ လူအများသိရှိထားပြီးသော လူငယ်ခြေတက်များ ဖြစ်ပါသည်... လူအများ မသိရှိထားသေးသော ရွက်ပုန်းသီး လူငယ်ခြေတက်များ ကျန်ရှိနေသေးပါက စာရင်းပေးသွင်းနိုင်ပါကြောင်း... :P

Tuesday, November 18, 2008

Photos from Ma Eve's Wedding

Congratulation ma eve!
http://picasaweb.google.com/tnn.nwe/Wedding

Thursday, November 6, 2008

Blendအား ကြွားခြင်း

နီဟုန်းက ပို့လိုက်တဲ့ expression blend 2 တွေပါ။ စရောက်ရောက်ခြင်း ဘယ်လိုဖွင့်ရမယ်မှန်းတောင် မသိဘူး။ သူများက ဒေါင်းလုဆွဲပြီး ခရပ်ပဲလုပ်ဖူးတာကိုး။ အစစ်မှ မသုံးဘူးတာ။ ဟင့်ဟင့်! :(
အဲဒါနဲ့ပဲ သူများတွေကို ကြွားချင်စိတ်ပေါ်လာလို့ ကောက်ခါငင်ခါ ကြွားလိုက်တာပါ။ ဟီးဟီး :P လှတယ်နော် DVD Box လေးက။ DVD ကိုလုပ်ထားတဲ့ပုံလည်း တော်တော်လှတယ်။ အမြင်ကတ်မှာစိုးလို့ မတင်တော့ဘူး။

Tuesday, November 4, 2008

ဆေးဗားလိုက်၍ ဘလန်းဖတ်ရခြင်း။

တစ်ရုံးလုံး silverlight နဲ့ expression blend ဖတ်ရမယ်ဆိုလို့ ခေါင်းမဖော်နိုင်ဘူး ဖြစ်နေကြပါတယ်။ မနေ့ကပဲ ၂လလုံးလုံး သေကြေလုပ်ရတဲ့ အလုပ်ပြီးလို့ ပျော်မယ်ကြံကာရှိသေး new products ဆိုပြီးဖတ်ခိုင်းလို့ စားနေကြပါတယ်။ blogဘက် ဘယ်သူမှ မလှည့်နိုင်ဘူး ဖြစ်သွားတယ်။
silverlight အကြောင်းသိသူ ရှိသူ(စာအုပ်) ရှိရင် share ပါနော်။ အနော်တို့လည်း study လုပ်ပြီးရင် share ပါ့မယ်။
တော်သေးပြီ။
စာကြွင်း။ ။ မကြာခင် သီမ်းပြောင်းဖို့လုပ်နေပါတယ်။ လာကြည့်ကြပါဦးနော်။

Tuesday, September 9, 2008

Knowledge Sharing

UTC
- Coordinated Universal Time which is GMT(Greenwich Mean Time: Dublin, Edinburgh, Lisbon, London)
- To test DateTime Controls with UTC, tester much do as follows.
1.Make an appointment for example, with Local Time Zone
2.Change System Time Zone
3.Change Control UTC according to System Time Zone
- If not, tester will get (Local Time + UTC) for (Local Time – UTC) and (Local Time – UTC) for (Local Time + UTC)

Culture
- There are two types of Culture-Neutral (language only) and Specific (language-country)
- To test DateTime Controls with culture, tester much choose Specific culture for specific date time format to affect
- DateTime Controls do not support Neutral culture because it does not have specific date time format.

Capturing Exception with SngaIt9
- To capture Unhandled Exception with SnagIt9, user must checked "Capture layered windows" in Input Properties Dialog

Thursday, August 14, 2008

ကြားဖြတ်သတင်း

GC မှ BloggerModelGirl များ အသည်းအသန် အလုပ်များနေသဖြင့် blog ခြင်းကို ၁လခွဲခန့်နားပါမယ်။

Thursday, July 31, 2008

64 bit OS ဆိုတဲ့ ဂဂျောင် နဲ့ ငါကိုယ်တော်

I am still studying 64 bit technology. I don't know everything about it. I am just a beginner. But I feel odd and cheated. This is why I write this post. If you know something about 64 bit technology please share.

အမေး။ Flame(နွားကျောင်းသား)
၆၄ဘစ် ဆိုတာ ဘာလဲ ဘယ်လဲ ဘယ်လိုလဲ ဘာကြောင့်လဲ။ May I ask who what why where 64 bit?

အဖြေ။ Tyne(ပညာရှိ)
မိတ်ဆက်
ဒီကောင် ဂဂျောင်ပါကွာ။၃၂ဘစ်ဆိုတဲ့ငနဲမှာ အတုအယောင်မှတ်ဉာဏ်နည်းနေလို့ “ပျော့တဲ့မိုက်ခရို”က အသစ်ထပ်ခန့်လိုက်တဲ့ကောင်။ဒါက အမြဲတမ်း သူတို့ပေးတဲ့ ဆင်ခြေ။ကိုဖိုးဘစ်ကြီးအိုလာတော့ မှတ်ဉာဏ်နည်းနေပြီအလုပ်မလုပ်နိုင်တော့ဘူးဆိုပြီး မောင်အိပ်ဘစ် နဲ့အစားထိုးတယ်လေ။ဟော မောင်အိပ်ဘစ် နည်းနည်းနေမကောင်းဖြစ်ပြီး ခွင့်လည်းယူရော တကတည်း ဆစ်တင်းဘစ် ဆိုတဲ့ ချာတိတ်လေးကိုခေါ်ခန့်လိုက်တာ မမှတ်မိဘူးလား။ဒီချာတိတ်ကိုအသေခိုင်းပြီး ဒီကောင်လည်းမလုပ်နိုင်ရော ခု၃၂ဘစ်ဆိုတဲ့ ငတိကို လစာနည်းနည်းပိုပေးပြီး ခေါ်ထားတာပဲ။ခုတော့ ဒီကောင့်အလှည့်ပေါ့လေ။ဘာတဲ့ သူလဲပဲမှတ်ဉာဏ်နည်းလာလို့ဆိုလား။

လိုအပ်ချက်
တကယ်တော့ ဒါက “ပျော့တဲ့မိုက်ခရို”က ယူစားတွေဆီကနေ ငွေသဲ့ယူနည်းများစွာထဲက တစ်ခုပါ။ဒီဘစ်မျိုးဘစ်နွယ်ကောင်တွေ တစ်ကောင်ပြောင်းရင် စည်းမျဉ်းသစ်တစ်ခုပြောင်းတယ်လေ။ဒါကို“အထဲမှာပြောတဲ့” ကုန်ပါပြီက နည်းပညာသစ်ဆိုပြီး ဂွင်ဖန်ငွေရှာတာ။ ဒါခုမှမဟုတ်ပါဘူး ဟိုးရှေးရှေးတုန်းကတည်းက သူတို့သမီးယောက်ဖတွေ လုပ်လာတဲ့အကွက်တွေပါ။အမယ် ဒီအတွက် ပျော့တဲ့မိုက်ခရိုက ပေးတဲ့ ဆင်ခြေက တော်တော့ကိုသင်းတာ။ဘာတဲ့ သူတိုခန့်တဲ့သူရဲံ့နည်းပညာသစ်ကို အသုံးပြုချင်ရင် ဒီအမာထည်တွေ ဒီအပျော့ထည်တွေဝယ်မှ အပြည့်အဝရမယ် ပိုပိုပြီး မြန်ကောင်း အဆင်ပြေဆိုပြီး ဝက်ဆိုက်မှာကြေငြာတယ်လေ။ ခုလည်း ထပ်ထည့်ရ ဝယ်ရမယ့် အမာထည်စာရင်းကမနည်းဘဲ။ အောက်က အချက်နည်းနည်းဖတ်လိုက်ရင်ပဲ သူရို့ဘာတွေလုပ်စားထားလည်းသိမှာပါ။

၁။ မှတ်ဉာဏ် ၄ဂျီ အနည်းဆုံးမှ ၂၅၆တီဘီ အများဆုံး။တကယ်ဆိုသူ့နည်းပညာက ၁၆အိပ်စာဗိုက်(၁၆,၀၀၀,၀၀၀ ဂျီ)အထိပံပိုးပေးဆိုပဲ။
၂။ အလုပ်လုပ်တဲ့နှုန်း ၂ဂျီအထက်၊ အမြင်အာရုံ ၈၀၀x၆၀၀ အထက်၊ သိမ်းဆည်းရန်နေရာ ၄၀ဂျီအထက်
၃။ လက်ရှိ၃၂ဘစ် သုံးခိုင်းတဲ့ အမာထည်နဲ့ အမာထည်သုံးရန်ဖြည့်စွက်ရသော အပျော့ထည် တစ်ခုမှသုံးလို့မရပါတဲ့။
၎။ လက်ရှိ၃၂ဘစ် ပံပိုးသော အပျော့ထည်တွေကို ၆၄ဘစ်ကပိုမိုနှေးကွေးစွာပံပိုးပေးပါတယ် (ပံပိုးပေးတာပဲ တော်လှပြီဆိုတဲ့သဘောပဲ)။
၅။ ခုလောလောဆယ်၃၂ဘစ်ရဲ့ အပျော့ထည်တွေကို ၆၄ဘစ်ကပံပိုးပေးပေမယ့် ခဏပဲ။နောက်ဆို ၆၄ဘစ် သီးသီးပဲလာမယ် သုံးရမယ်။ဒါမှမသုံးရင် ခေတ်မမှီဘူးဆိုပဲ။
၆။ အပေါ်ကအချက်မှာပြောတဲ့ ပံပိုးပေးမယ်ဆိုတာကလည်း အမာထည်ထုတ်တဲ့ ကုန်ပါပြီ ရွေးသေးတာ။အထဲမှာပြောတဲ့ကောင်က သိပ်မပံပိုးဘူး။ကေအန်ယူ အမျိုးတွေထောင်ထားတဲ့ “အေအမ်ဒီ”ကတော့ပံပိုးပေးတယ်။ ဒီမှာတင် အိပ်စ်-၈၆-၆၄နဲ့ ၆၄ ဆိုပြီး နှစ်ခုကွဲတော့တာပဲ။

အိပ်စ်-၈၆-၆၄ နဲ့ ၆၄
တကယ်တော့ သူတို့နှစ်ယောက်က ညီအကို။အိပ်စ်-၈၆-၆၄က ၃၂ဘစ်နဲ့ နည်းနည်းခင်တယ်။ဒီတော့ ဒီကောင်မပြုတ်ခင်မှာ ၃၂ရဲ့အလုပ်အားလုံးကို လွှဲယူလိုက်တယ်။သူ့အကို ၆၄ဘစ်ရဲ့နည်းပညာကိုလည်း မသုံးစွဲနိုင်သော်လည်း ဒီ “ငအ” လောကမှာဆက်လက်ပြီး အသက်ရှင်ချင်သေးတဲ့ (သို့) သူ့ ဘော်ဒါ ၃၂ဘစ်ရဲ့နည်းပညာ စည်းမျဉ်း စည်းကမ်း ဥပဒေသတွေကိုနှစ်သက်တဲ့ (သို့) သူ့အကို ၆၄ဘစ်ရဲ့နည်းပညာကို သုံးရမှာ မဝံ့သေးတဲ့ ယူစားတွေအားလုံးကို သူကကောင်းကောင်းအကူအညီပေးတယ်။သူ့ရဲ့နည်းပညာကိုသုံးပြီး ၃၂ဘစ်ရဲ့ အမာထည်နဲ့ အပျော့ထည် တွေကိုသုံးနိုင်တယ်။ ၆၄ဘစ်ရဲ့ အမာထည်နဲ့ အပျော့ထည် တွေကိုသုံးချင်ရင်လည်းရတယ်။ဒီကောင့်ရဲ့နည်းပညာကို “အေအမ်ဒီ”က ကောင်းကောင်း ပံပိုးပေးတယ်။“အထဲမှာပြောတဲ့ ကောင်ကတော့ အတွင်းရိုးနှစ်ခုဆိုပြီးတော့ ထုတ်လုပ်တယ်။ ဒါပေမယ့် သူက “အထဲမှာပြောတယ် အင်တာနီယမ်” ဆိုပြီးတော့ ၆၄ဘစ်ရဲ့နည်းပညာကိုပဲ အဓိကထားပြီး ထုတ်တယ်။ “အထဲမှာပြောတယ် အင်တာနီယမ်” ဆိုတာက အဓိကထိန်းချုပ်ရေးဌာနတွေမှာသုံးတဲ့ အချက်အလက်ထိန်းချုပ်ရေးကိရိယာတစ်မျိုးပဲ။ တကယ်တော့ “အထဲမှာပြောတယ် အင်တာနီယမ်” က ၃၂ဘစ်ရဲ့နည်းပညာကို ပံပိုးပေးပါတယ်။ မဆိုစလောက် ဖနှောင့်နဲ့ထပေါက်ချင်ရုံ နည်းနည်းနှေးတာပါ။

နည်းပညာအားသာချက်
အိပ်စ်-၈၆-၆၄ နဲ့ ၆၄ ညီအကိုရဲ့နည်းပညာကိုသုံးမယ်ဆိုရင် အောက်ပါအားသာချက်တွေကိုရမယ်လို့ဆိုပါတယ်။
၁။ ဂဏန်းပေါင်းစက်ဟာ မြောင်များလှသောဂဏန်းသင်္ချာတွေကို ၃၂ဘစ်ရဲ့နည်းပညာထက် နှစ်ဆမြန်မြန်တွက်နိုင်မယ်။
၂။ ကြီမားလေးလံတဲ့ အချက်အလက်တွေ ဥပမာ ခေတ်သစ်နည်းပညာသုံး ရွှေ့လှုပ်ရှားပုံများ၊ သိပ္ပံနည်းကျတွက်ချက်မှု၊ အချက်အလက်အစုအဝေး စသည်တို့ကို တည်းဖြတ်၊ ရွေ့ရှား၊ တွက်ချက်မှုများပြုလုပ်တဲ့အခါ ပိုမိုမြန်ဆန်စေပါတယ်။
၃။ ညွှန်းဆိုနိုင်သော ကြီးမားတဲ့ အတုအယောင် နေရာလွတ် ကိုလည်းရရှိနိုင်မှာဖြစ်တယ်။ ၃၂ဘစ်ရဲ့နည်းပညာနဲ့ဆိုရင် ၄ဂျီပဲရနိုင်ပေမယ့် ၆၄ဘစ်ရဲ့နည်းပညာနဲ့ဆိုရင် ၂၅၆တီဘီအထိရမှာဖြစ်တယ်။
၎။ညွှန်းဆိုနိုင်သော ကြီးမားတဲ့ ရုပ်ပိုင်းဆိုင်ရာ နေရာလွတ် ကတော့ ၁တီဘီရနိုင်မှာဖြစ်တယ်။

တခြားတခြားသော အားသာချက်တွေလည်းရှိသေးတယ်လို့ “ပျော့တဲ့မိုက်ခရို” က ပြောပါတယ်။ဘာပဲပြောပြောပါ ဟောဒိ “ငအ” လောကထဲကမထွက်နိုင်သရွေ့တာ့ ဒီ “ပျော့တဲ့မိုက်ခရို” “အထဲမှာပြောတဲ့” “အေအမ်ဒီ” “အိုင်ဘ်ီအမ်” “ပန်းသီး” “ဂျာဗား” စတဲ့ စတဲ့ နည်းပညာပါရဂူကြီးတွေရဲ့ တီထွင်မှု ရိုက်စားလုပ်မှု နားလှည့်ပါးရိုက်မှုတွေနဲ့ ကြုံရမှာ မလွဲပါ။

စာညွှန်း

မှတ်ဉာဏ်=memory ယူစား=user
ကုန်ပါပြီ=Company အတွင်းရိုးနှစ်ခု=dual core
ဂျာဗား=Java သိမ်းဆည်းရန်နေရာ=Hard Disk
အမာထည်=Hardware အပျော့ထည်=Software
ပန်းသီး=Apple ပျော့တဲ့မိုက်ခရို=Microsoft
ကြီမားလေးလံ=Large အချက်အလက်အစုအဝေး=data base
အေအမ်ဒီ=AMD ငအ=IT(မယုံရင် keyboard ကိုကြည့်)
အိုင်ဘ်ီအမ်=IBM အမြင်အာရုံ=Video adapter and monitor resolution
အထဲမှာပြောတဲ့=Intel သိပ္ပံနည်းကျတွက်ချက်မှု=scientific computing
၃၂ဘစ်=32 bit အလုပ်လုပ်တဲ့နှုန်း=CPU Speed, Processor Speed
ကိုဖိုးဘစ်ကြီး= 4bit အတုအယောင်မှတ်ဉာဏ်=virtual memory
မောင်အိပ်ဘစ်=8 bit မြောင်များလှသောဂဏန်းသင်္ချာ=factorials of large figures
ဆစ်တင်းဘစ်=16 bit ခေတ်သစ်နည်းပညာသုံး ရွှေ့လှုပ်ရှားပုံ=digital video
၆၄ဘစ်=64 bit အမာထည်သုံးရန်ဖြည့်စွက်ရသော အပျော့ထည်=Hardware Driver
အိပ်စ်-၈၆-၆၄=x86-64 အထဲမှာပြောတယ် အင်တာနီယမ်= Intel Itanium Processor
ညွှန်းဆိုနိုင်သော ကြီးမားတဲ့ အတုအယောင် နေရာလွတ်=Large virtual address space
ညွှန်းဆိုနိုင်သော ကြီးမားတဲ့ ရုပ်ပိုင်းဆိုင်ရာ နေရာလွတ်=Large physical address space

Wednesday, July 30, 2008

နည်းနည်းလေးကြည်စားကြည့်ရအောင် :P

အလွယ်ဆုံးနည်းလေးတစ်ခု...
ဒါပေမယ့် ကြည်စားခံလိုက်ရတဲ့သူကတော့သေချာပါတယ်
ပျား အကောင်တစ်သိန်းလောက်အတုတ်ခံရမှာ
:P

ပထမဆုံး.. textfile လေးတစ်ခုကို TEST.txt လို့ နာမည်ပေးလိုက်ပြီး C:\ အောက်မှာသိမ်းထားပေးပါ။
ပြီးရင်တော့ ကျွန်တော်တို့ လိုတာ Notepad အသစ်တစ်ခုပါ။
ဖိုင်အထဲမှာ "erase C:\TEST.txt" လို့ ရိုက်ပါ (without the quotes)။
ပြီးရင် "Save As..." နဲ့ သိမ်းပြီးတော့ဖိုင်နာမည်ကို "Test.cmd" လို့ ပေးပါ။
Double click နှိပ်ပြီး Test.cmd ဖိုင်ကို Run ကြည့်ပါ။ ပြီးရင် C:\ အောက်မှာရှိတဲ့ ခုနကလုပ်ထားတဲ့
Test.txt ဖိုင်လေးကိုသွားကြည့်ပါ။ မရှိတော့တာကိုတွေ့ ရပါလိမ့်မယ်... အဖျက်ခံလိုက်ရတာပါ။

ကဲဒါဆို... အကြောင်းသိတဲ့ဘော်ဒါတွေကတော့ ကျွန်တော်ဘာလုပ်တော့မယ်ဆိုတာ သိနေလောက်ပါပြီ :P
ဒါပေမယ့်လည်း သည်းခံပြီးဆက်ဖတ်ကြပါဗျာ

ကဲခုမှတကယ်လုပ်မယ့်အလုပ်ကလာပြီ
Notepad အသစ်တစ်ခုပါ။
ဖိုင်အထဲမှာ "erase C:\WINDOWS" လို့ ရိုက်ပါ (without the quotes)။
ပြီးရင် "Save As..." နဲ့ သိမ်းပြီးတော့ဖိုင်နာမည်ကို "findoutlove.cmd" လို့ ပေးပါ။
findoutlove.cmd ဒီနာမည်ပေးတာကတော့ သိတော်မူကြတဲ့အတိုင်း victim ဖြစ်မယ့်လူစိတ်ဝင်စားအောင်
သက်သက်မဲ့ ပေးတဲ့နာမည်ပါ... တခြားဘာပေးပေးလဲရပါတယ်။

******* အဲ့... ဒါပေမယ့် အဲ့ဖိုင်ကိုတော့သွားမ Run မိပါစေနဲ့ 
Run မလိုက်လို့ ကတော့ Window တော်ကြီး ကြွတော်မူသွားပါလိမ့်မယ်။ *******

ကဲ... ဒီဖိုင်လေးကို virus လို့ ခေါ်လို့ ရောမရဘူးလား.....
ဘယ်သူ့ ကိုသောက်မြင်ကပ်လဲ... သယ်ရင်းတို့ ရေ..
Email နဲ့  attach လုပ်ပြီးသာ ပို့ ပေးလိုက်ပေတော့ findoutlove.cmd ဖိုင်လေးကို....
တာဝန်ယူပါတယ်... အနိစ္ဓသဘောတွေအကြောင်းကောင်းကောင်းသိသွားပါလိမ့်မယ်
နေ့ မြင်ညပျောက်လောကကြီးရဲ့ မတည်မြဲခြင်းတွေအကြောင်း
အချိန်လွန်ခါမှ နောင်တတွေနဲ့ သိသွားပါလိမ့်မယ်။ :D

ပြီးရင်တော့ဘာမှ backup မရလိုက်ပဲ window ကြီးတစ်ခုအသစ်ကပြန်တင်ရတဲ့အထိကြေကွဲသွားပါလိမ့်မယ် :P

ကိုယ့်ဟာကိုတော့ အဲ့ဖိုင်ကိုမ Run ဖို့ အတန်တန်သတိပေးလိုက်ပါရဲ့ နော်
ပြီးမှ သူများမလုပ်ရခင်ကိုထိနေမှ Alvis ကြောင့်ဆိုပြီးလာမပြောနဲ့  :P


လေးစားလျှက်။ ။ SYNCHRO305~

Saturday, July 26, 2008

'Susan'ဟု ခေါ်ဆိုသော ကလေးမလေးတစ်ယောက် မွေးဖွားခြင်း

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...
အင်း..... ဘယ်လောက်တောင် ရှေးကျသလဲဆိုရင် လွန်ခဲ့တဲ့ ရက်ပေါင်း သုံးရာရှစ်ဆယ်ကျော် ကိုးဆယ်လောက်ကပေါ့ကွယ်... ဟိ.....

'Susan'ဆိုတဲ့ ကလေးမလေးတစ်ယောက်ဟာ 'IT'ဆိုတဲ့ လောကကြီးကို ခြေချဖို့ ကြိုးစားတဲ့အချိန်မှာ သူ့ခမျာ အဲဒီလောကကြီးရဲ့ အကြောင်းကို လက်တွေ့ ဘာမှမသိ နားမလည်သေးပါဘူးတဲ့ကွယ်... အဲဒီလောကကြီးမှာ အသုံးပြုနေတဲ့ ခေတ်သုံးဘာသာစကား တစ်ခုဖြစ်တဲ့ 'Dot NET'ဆိုတဲ့ ဘာသာစကားကြီးကိုလည်း မပြောတတ်သေးပါဘူးတဲ့ကွယ်...

အဲဒီအချိန်မှာ 'GCMyanmar'ဆိုတဲ့ မိခင်ကြီးကြောင့် 'Dot NET'ဆိုတဲ့ ဘာသာစကားကြီးနဲ့ အခြားသော ဘာသာစကားတွေကို လေ့လာခွင့် ရခဲ့ပါတယ်တဲ့ကွယ်... အဲဒီလို လေ့လာတဲ့ အချိန်မှာလည်း 'GCMyanmar'ဆိုတဲ့ မိခင်ကြီးက မွေးထုတ်ပေးပြီးဖြစ်တဲ့ Senior အကို၊ အမ၊ မောင်၊ ညီမများရဲ့ ၀ိုင်းဝန်းပံ့ပိုး ကူညီမှုတွေကို အများအပြား လက်ခံရရှိခဲ့ပါတယ်တဲ့ကွယ်... အဲဒီအတွက်လည်း Senior အကို၊ အမ၊ မောင်၊ ညီမများအားလုံးကို ကျေးဇူးပါကွယ်... Thanksပါကွယ်... ရှဲ့ရှဲ့ပါကွယ်... Arigatooပါကွယ်... (သိသလောက်တော့ ဒါအကုန်ပဲ... :P ကိုရီးယားလိုတော့ မပြောတတ်လို့ ခွင့်လွှတ်ပေးကြပါ... :D)

အဲဒီလို ၀ိုင်းဝန်းပံ့ပိုး ကူညီမှုတွေကြောင့် အခုအချိန်မှာဆိုရင်ဖြင့် 'Susan'ဆိုတဲ့ ကလေးမလေးဟာ 'Dot NET'ဆိုတဲ့ ဘာသာစကားကြီးနဲ့ အခြားသော ဘာသာစကားတွေကို မပီကလာ ပီကလာ ပြောတတ်လာပါပြီကွယ်... 'IT'လောကကြီးထဲမှာ လျှောက်လှမ်းခဲ့တာလည်း ဒီလ၂ရက်နေ့ကဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီကွယ်... ဆက်လက်ပြီးလည်း အားအင်အပြည့်နဲ့ ခြေလှမ်းသစ်များ လျှောက်လှမ်းပါဦးမယ်ကွယ်... လျှောက်လှမ်းနိုင်အောင်လည်း ကြိုးစားနေပါတယ်ကွယ်...

ခုလောလောဆယ်မှာတော့ 'WPFReport'ဆိုတဲ့ Control ကြီးကို ခလုတ်တိုက်မိလို့ ခြေထောက်နာနေပါတယ်ကွယ်... :D သို့ဖြစ်ပါသောကြောင့် လတ်တလောတွင် Postအသစ် တင်နိုင်မည်မဟုတ်ပါကွယ်... :P သို့သော်ငြားလည်း အတတ်နိုင်ဆုံး တင်နိုင်အောင် ကြိုးစားပါမည်ကွယ်... သို့ပါသော်လည်း ကြာမည်ကွယ်..... လာမည်ကွယ်..... မျှော်ကွယ်................. :D

(မှတ်ချက်..... မပီကလာ ပီကလာသာ ပြောတတ်သေးသော 'Susan'၏ စိတ်ကူးတည့်ရာ ရေးသားချက်များ ဖြစ်သောကြောင့် ဖတ်ရှုသူအပေါင်းတို့ သည်းခံကြပါကုန်... သြော်... မှားလို့... မှားလို့... သည်းခံကြပါကွယ်...)

Thursday, July 24, 2008

စ စခြင်းဆောက်နဲ့ထွင်း

Flame, RainBow, Adam and Eve, Daw Byoke and SofarGyi, Ivory, Liliy, Vivi, Amy....

ဒီ blog ကိုစလုပ်တော့ စ စခြင်းဆောက်နဲ့ထွင်းတာ blog link နဲ့ blog title ပါ(ဆောက်တင်မကဘူး လို့တော့ထင်တာပဲ။ လက်မည်းကြီးတွေပါ ပါပုံရတယ်:) ဂျပန်လိုနားလည်တာ အားလုံးပေါင်းမှ လက်၅ချောင်းမပြည့်တာကို ခေါင်းစဉ်ကို ဂျပန်လိုသွားပေးမိတော့ ရွာပတ်တာပေါ့။ ဘာအဓိပ္ပါယ်လည်းလို့မေးတဲ့သူတွေများလို့ About US မှာ ရှင်းလင်းချက်ရေးလိုက်ရတယ်။ (ကိုယ်လျှာရှည်မိတော့ ကိုယ့်ဘာသာကိုယ်ရှင်းရတာပေါ့ ကောင်းပါတယ် ကောင်းပါတယ်) ဒီ blog ရဲ့ title အဓိပ္ပါယ်က GrapeCity Myanmar Company Family ပါ.
နောက်တစ်ခုကတော့ blog link ရဲ့ nameပဲ။ ဘာပေးရမယ်မှန်းမသိလို့ ကြုံရာအရင်ပေးလိုက်ပြီး နောက်မှပဲ vote ကောက်ပြိး အတည်တကျပြန်ပေးတော့မယ်။ ဒါကြောင့်ဒီ link က အစိန်ကြိး မဟုတ်သေးပါဘူး။ Temp ပါလို့ပြောပါရစေ။

Summary-Detail Test

This is summary of this post

This is detail section of this post

The Begining

This post is the first post of GCMyan Family blog.

Nowadays many people are blogging their daily activities, personal feeling, and about other things. So I think we also made a blog in which everyone of our family member can post about their talents, our events, trips and many other things.

I believe by doing so we can improve our love, kindness, trust between family. I also invite ex-family members to join us. I hope this blog to become a place where our family meet, share ideas, help and care each other.

With Best Wishes,
Director Flame