ရေးချင်တာ ရေး... ရေးပြီး မုန့်ကျွေး... :P


Wednesday, January 6, 2010

၂၀၁၀ ဂျီစီ ခရီးသွားနေသည်

၂၀၁၀ခုနှစ်ကတော့ ကျွန်တော်တို့ GCMyanခရီးသွားနှစ် ပြကဒိန်ထုတ်လို့ရတယ်လို့ ပြောရင်ရလောက်ပါတယ်။ နှစ်စစခြင်းမှာပဲ ငွေဆောင်ကို ဒိုးပြီးကြပါပြီ။ တစ်နှစ်တစ်ခါ သွားနေကြ ခရီးပေါ့။ အရင်နှစ်တွေက ချောင်းသာ၊ ပြင်ဦးလွင်နဲ့ မြိုင်ဟေဝန်ဆင်စခန်းကို သွားခဲ့ကြတယ်။ ဒီတစ်ခါက ငွေဆောင်မဲကြတယ်လေ။ အားလုံးက အားရပါးရ ရိုက်လာကြတာ ဓာတ်ပုံ ၂၀၀၀ လောက်ရှိတယ်။ ဓာတ်ပုံသိပ်မရိုတ်တဲ့လူတောင် ပုံ၂၀လောက်ရှိတယ်။ အေးလေ ကင်မရာ ၈ခု လူ ၁၈ယောက်ဆိုတော့လဲ ဒီလောက်တော့ရှိပေမပေါ့။



ခရီးစဉ်တစ်လျှောက် တစ်ယောက်မှ မဒေါင်းပဲ အပီအပြင်ကို ကဲခဲ့ကြတာ။ ဘယ်လောက်ကဲလဲဆို မနက်ဆိုရင် ၆နာရီထပြီး ဘောလုံးကန် ရေကူး၊ နေ့လည်ဆို ဓာတ်ပုံရိုက် ဖဲရိုက်၊ ညနေ ဘောလုံးကန် ရေကူး ည ကာရာအိုကေဆိုနဲ့ ဒီလိုကို ကဲကြတာ။ မလွန်ဘူးနော် တစ်နှစ်မှ တစ်ခါဆိုတော့။


ရန်ကုန်ပြန်ရောက်မှ ပထမဆုံး တိုက်ပွဲကျသွားတာကတော့ မမအေမီပေါ့။ သူက ငွေဆောင်မသွားခင် ပုဂံသွားထားသေးတာလေ။ နောက်ဘယ်သူတွေ ထပ်တိုက်ပွဲကျကျဦးမလဲတော့ မသိဘူး။


ကျွန်တော်လား။ ကျွန်တော်ကတော့ မကျပေါင်။ နောက်လထဲ ဘန်ကောက်သွားဦးမှာလေ။ GCမှာ လုပ်သက်၎နှစ် အထက်ထဲရောက်နေတဲ့ သူတွေအားလုံးကို ဘန်ကောက်ကို စရိတ်ငြိမ်းပို့ပေးမှာ။ မဇင်ရယ်၊ မယုရယ်၊ မအိဗ်ရယ်၊ အိုပါး ဖိလစ်ရယ်၊ ကျွန်တော်ရယ်၊ မမအေမီရယ်ပေါ့။ အားလုံး ၆ယောက်။ ဒါကြောင့် မမအေမီကို မြန်မြန်နေကောင်းအောင် ဆုတောင်းပေးကြဦးနော်။


ခု ငွေဆောင်ပြန်လက်ဆောင် ဓာတ်ပုံလေးတွေကို ဒီမှာကြည့်ကြနော်။
http://picasaweb.google.com/severus.tyne/2010NgweSaungTrip