ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...
အင်း..... ဘယ်လောက်တောင် ရှေးကျသလဲဆိုရင် လွန်ခဲ့တဲ့ ရက်ပေါင်း သုံးရာရှစ်ဆယ်ကျော် ကိုးဆယ်လောက်ကပေါ့ကွယ်... ဟိ.....
'Susan'ဆိုတဲ့ ကလေးမလေးတစ်ယောက်ဟာ 'IT'ဆိုတဲ့ လောကကြီးကို ခြေချဖို့ ကြိုးစားတဲ့အချိန်မှာ သူ့ခမျာ အဲဒီလောကကြီးရဲ့ အကြောင်းကို လက်တွေ့ ဘာမှမသိ နားမလည်သေးပါဘူးတဲ့ကွယ်... အဲဒီလောကကြီးမှာ အသုံးပြုနေတဲ့ ခေတ်သုံးဘာသာစကား တစ်ခုဖြစ်တဲ့ 'Dot NET'ဆိုတဲ့ ဘာသာစကားကြီးကိုလည်း မပြောတတ်သေးပါဘူးတဲ့ကွယ်...
အဲဒီအချိန်မှာ 'GCMyanmar'ဆိုတဲ့ မိခင်ကြီးကြောင့် 'Dot NET'ဆိုတဲ့ ဘာသာစကားကြီးနဲ့ အခြားသော ဘာသာစကားတွေကို လေ့လာခွင့် ရခဲ့ပါတယ်တဲ့ကွယ်... အဲဒီလို လေ့လာတဲ့ အချိန်မှာလည်း 'GCMyanmar'ဆိုတဲ့ မိခင်ကြီးက မွေးထုတ်ပေးပြီးဖြစ်တဲ့ Senior အကို၊ အမ၊ မောင်၊ ညီမများရဲ့ ၀ိုင်းဝန်းပံ့ပိုး ကူညီမှုတွေကို အများအပြား လက်ခံရရှိခဲ့ပါတယ်တဲ့ကွယ်... အဲဒီအတွက်လည်း Senior အကို၊ အမ၊ မောင်၊ ညီမများအားလုံးကို ကျေးဇူးပါကွယ်... Thanksပါကွယ်... ရှဲ့ရှဲ့ပါကွယ်... Arigatooပါကွယ်... (သိသလောက်တော့ ဒါအကုန်ပဲ... :P ကိုရီးယားလိုတော့ မပြောတတ်လို့ ခွင့်လွှတ်ပေးကြပါ... :D)
အဲဒီလို ၀ိုင်းဝန်းပံ့ပိုး ကူညီမှုတွေကြောင့် အခုအချိန်မှာဆိုရင်ဖြင့် 'Susan'ဆိုတဲ့ ကလေးမလေးဟာ 'Dot NET'ဆိုတဲ့ ဘာသာစကားကြီးနဲ့ အခြားသော ဘာသာစကားတွေကို မပီကလာ ပီကလာ ပြောတတ်လာပါပြီကွယ်... 'IT'လောကကြီးထဲမှာ လျှောက်လှမ်းခဲ့တာလည်း ဒီလ၂ရက်နေ့ကဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီကွယ်... ဆက်လက်ပြီးလည်း အားအင်အပြည့်နဲ့ ခြေလှမ်းသစ်များ လျှောက်လှမ်းပါဦးမယ်ကွယ်... လျှောက်လှမ်းနိုင်အောင်လည်း ကြိုးစားနေပါတယ်ကွယ်...
ခုလောလောဆယ်မှာတော့ 'WPFReport'ဆိုတဲ့ Control ကြီးကို ခလုတ်တိုက်မိလို့ ခြေထောက်နာနေပါတယ်ကွယ်... :D သို့ဖြစ်ပါသောကြောင့် လတ်တလောတွင် Postအသစ် တင်နိုင်မည်မဟုတ်ပါကွယ်... :P သို့သော်ငြားလည်း အတတ်နိုင်ဆုံး တင်နိုင်အောင် ကြိုးစားပါမည်ကွယ်... သို့ပါသော်လည်း ကြာမည်ကွယ်..... လာမည်ကွယ်..... မျှော်ကွယ်................. :D
(မှတ်ချက်..... မပီကလာ ပီကလာသာ ပြောတတ်သေးသော 'Susan'၏ စိတ်ကူးတည့်ရာ ရေးသားချက်များ ဖြစ်သောကြောင့် ဖတ်ရှုသူအပေါင်းတို့ သည်းခံကြပါကုန်... သြော်... မှားလို့... မှားလို့... သည်းခံကြပါကွယ်...)
Saturday, July 26, 2008
'Susan'ဟု ခေါ်ဆိုသော ကလေးမလေးတစ်ယောက် မွေးဖွားခြင်း
Posted by သက်တန့်
Labels: artical
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment