သိပြီးသားဖြစ်နေမလားတော့ မပြောတတ်ဘူး။ ရုံးကသူငယ်ချင်းမေးလို့ ဒီပို့စ်ကို တင်လိုက်တာပါ။ တနေ့ကရုံးမှာ ရီစရာသီချင်း share ကြတော့ အားလုံးက original song ကို တောင်းတယ်လေ။ ဒါနဲ့ သူငယ်ချင်းက flashband ကသီချင်း link ကို ပေးတော့ ၊ အားလုံးက download ချပေးဖို့ပြောတယ်။ သူက "flashband ကနေ download မရလို့ပါ" ဆိုတာနဲ့ ၊ ကျွန်တော်လည်း စမ်းကြည့်လိုက်တာလေ။ ကျွန်တော့ဆီမှာက downloader ၂ခု ၃ခုလောက်ရှိတာဆိုတော့ OK သွားတာနဲ့ အားလုံးဆီကို share လိုက်တာပါ။
အရင်ဆုံး ရှိရမှာကတော့ မရှိမဖြစ် FireFox ပါပဲ။
နောက် ဒုတိယ ရှိရမှာက IDM CC 5.6 FireFox Extension ပါပဲ။
နောက်ဆုံးလိုတာကတော့ မိမိ အသုံးပြုတဲ့ စက်မှာ IDM ရှိဖို့ပါပဲ။ Install လုပ်ထားစရာမလိုပါဘူး။ ကျွန်တော့စက်မှာဆို သူများစက်က install လုပ်ထားတဲ့ folder တစ်ခုလုံး copy ဆွဲပြီးထည့်ထားတာ။
(IDM ကလူတိုင်းသုံးတဲ့ downloader ဆိုတော့ ကျွန်တော် install link မပေးတော့ဘူးနော်။)
ဒီ၃ခုရှိပြီဆိုရင် flashband မှာကိုယ်ကြိုက်တဲ့ Albumကိုဖွင့် သီချင်းရွေးပြီး Play နှိပ်လိုက်တာနဲ့ IDM က download လုပ်ပေးပါလိမ့်မယ်။
Saturday, November 29, 2008
FlashBand မှသီချင်းများ download လုပ်ရန်
Subscribe to:
Post Comments (Atom)
1 comments:
Downloader ၂ခု ၃ခု ရှိတာကို ကြွားတာလားကွ... ဟေ... :P
Post a Comment