ဒီနေ့
နောက်ဆုံး နေ့
လတစ်လရဲ့ နောက်ဆုံး နေ့
နှစ်တစ်နှစ်ရဲ့ နောက်ဆုံး နေ့
အားလုံးပျော်တဲ့ နေ့
အားလုံးမျှော်တဲ့ နေ့
ကိုယ်မျှော်တဲ့ နေ့
သူမျှော်တဲ့ နေ့
ကလေးတွေမျှော်တဲ့ နေ့
အိမ်ရှင်မတွေမျှော်တဲ့ နေ့
အိမ်ရှင်ထီးတွေမျှော်တဲ့ နေ့
လစာထုတ်တဲ့ နေ့
ရည်းစားနဲ့လျှောက်ပတ်ဖို့ ရေလျှံတဲ့ နေ့
သားသားမုန်းဖိုးရမယ့် နေ့
မီးမီးမုန့်ဖိုးရမယ့် နေ့
ကျူရှင်လခပေးရမယ့် နေ့
ကျောင်းလခပေးရမယ့် နေ့
အင်တာနက်ဖိုးပေးရမယ့် နေ့
ဖုန်းဖိုးဆောင်ရမယ့် နေ့
ဆန်ကုန်တဲ့ နေ့
ဆီကုန်တဲ့ နေ့
မီးသွေးဝယ်ရမဲ့ နေ့
ဖယောင်းတိုင်ဝယ်ရမယ့် နေ့
အပေါင်စာရွက် သက်တမ်းတိုးရမယ့် နေ့
ကလေးတွေကို ဟင်းကောင်းကောင်းချက်ကြွေးနိုင်မယ့် နေ့
ဘေးအိမ်ကချေးထားတဲ့ဆန် ပြန်ဆပ်ရမယ့် နေ့
ဟိုနေ့ ဒီနေ့
ဒီနေ့ ဟိုနေ့
အဲဒီနေ့
သေချာတာပေါ့ကွာ
ဒီနေ့မှ ဒီနေ့
ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့
၂၀၀၈ရဲ့ နောက်ဆုံးနေ့
ဟောဒီက ဗုဒ္ဓဟူးနေ့
နှစ်သစ်ကူးချင်တဲ့ နှစ်ဟောင်းကနေ့တစ်နေ့
Wednesday, December 31, 2008
နေ့
Subscribe to:
Post Comments (Atom)
1 comments:
ပြက္ခဒိန်အသစ် ၀ယ်ရတဲ့နေ့... :P
Post a Comment