I am still studying 64 bit technology. I don't know everything about it. I am just a beginner. But I feel odd and cheated. This is why I write this post. If you know something about 64 bit technology please share.
အမေး။ Flame(နွားကျောင်းသား)
၆၄ဘစ် ဆိုတာ ဘာလဲ ဘယ်လဲ ဘယ်လိုလဲ ဘာကြောင့်လဲ။ May I ask who what why where 64 bit?
အဖြေ။ Tyne(ပညာရှိ)
မိတ်ဆက်
ဒီကောင် ဂဂျောင်ပါကွာ။၃၂ဘစ်ဆိုတဲ့ငနဲမှာ အတုအယောင်မှတ်ဉာဏ်နည်းနေလို့ “ပျော့တဲ့မိုက်ခရို”က အသစ်ထပ်ခန့်လိုက်တဲ့ကောင်။ဒါက အမြဲတမ်း သူတို့ပေးတဲ့ ဆင်ခြေ။ကိုဖိုးဘစ်ကြီးအိုလာတော့ မှတ်ဉာဏ်နည်းနေပြီအလုပ်မလုပ်နိုင်တော့ဘူးဆိုပြီး မောင်အိပ်ဘစ် နဲ့အစားထိုးတယ်လေ။ဟော မောင်အိပ်ဘစ် နည်းနည်းနေမကောင်းဖြစ်ပြီး ခွင့်လည်းယူရော တကတည်း ဆစ်တင်းဘစ် ဆိုတဲ့ ချာတိတ်လေးကိုခေါ်ခန့်လိုက်တာ မမှတ်မိဘူးလား။ဒီချာတိတ်ကိုအသေခိုင်းပြီး ဒီကောင်လည်းမလုပ်နိုင်ရော ခု၃၂ဘစ်ဆိုတဲ့ ငတိကို လစာနည်းနည်းပိုပေးပြီး ခေါ်ထားတာပဲ။ခုတော့ ဒီကောင့်အလှည့်ပေါ့လေ။ဘာတဲ့ သူလဲပဲမှတ်ဉာဏ်နည်းလာလို့ဆိုလား။
လိုအပ်ချက်
တကယ်တော့ ဒါက “ပျော့တဲ့မိုက်ခရို”က ယူစားတွေဆီကနေ ငွေသဲ့ယူနည်းများစွာထဲက တစ်ခုပါ။ဒီဘစ်မျိုးဘစ်နွယ်ကောင်တွေ တစ်ကောင်ပြောင်းရင် စည်းမျဉ်းသစ်တစ်ခုပြောင်းတယ်လေ။ဒါကို“အထဲမှာပြောတဲ့” ကုန်ပါပြီက နည်းပညာသစ်ဆိုပြီး ဂွင်ဖန်ငွေရှာတာ။ ဒါခုမှမဟုတ်ပါဘူး ဟိုးရှေးရှေးတုန်းကတည်းက သူတို့သမီးယောက်ဖတွေ လုပ်လာတဲ့အကွက်တွေပါ။အမယ် ဒီအတွက် ပျော့တဲ့မိုက်ခရိုက ပေးတဲ့ ဆင်ခြေက တော်တော့ကိုသင်းတာ။ဘာတဲ့ သူတိုခန့်တဲ့သူရဲံ့နည်းပညာသစ်ကို အသုံးပြုချင်ရင် ဒီအမာထည်တွေ ဒီအပျော့ထည်တွေဝယ်မှ အပြည့်အဝရမယ် ပိုပိုပြီး မြန်ကောင်း အဆင်ပြေဆိုပြီး ဝက်ဆိုက်မှာကြေငြာတယ်လေ။ ခုလည်း ထပ်ထည့်ရ ဝယ်ရမယ့် အမာထည်စာရင်းကမနည်းဘဲ။ အောက်က အချက်နည်းနည်းဖတ်လိုက်ရင်ပဲ သူရို့ဘာတွေလုပ်စားထားလည်းသိမှာပါ။
၁။ မှတ်ဉာဏ် ၄ဂျီ အနည်းဆုံးမှ ၂၅၆တီဘီ အများဆုံး။တကယ်ဆိုသူ့နည်းပညာက ၁၆အိပ်စာဗိုက်(၁၆,၀၀၀,၀၀၀ ဂျီ)အထိပံပိုးပေးဆိုပဲ။
၂။ အလုပ်လုပ်တဲ့နှုန်း ၂ဂျီအထက်၊ အမြင်အာရုံ ၈၀၀x၆၀၀ အထက်၊ သိမ်းဆည်းရန်နေရာ ၄၀ဂျီအထက်
၃။ လက်ရှိ၃၂ဘစ် သုံးခိုင်းတဲ့ အမာထည်နဲ့ အမာထည်သုံးရန်ဖြည့်စွက်ရသော အပျော့ထည် တစ်ခုမှသုံးလို့မရပါတဲ့။
၎။ လက်ရှိ၃၂ဘစ် ပံပိုးသော အပျော့ထည်တွေကို ၆၄ဘစ်ကပိုမိုနှေးကွေးစွာပံပိုးပေးပါတယ် (ပံပိုးပေးတာပဲ တော်လှပြီဆိုတဲ့သဘောပဲ)။
၅။ ခုလောလောဆယ်၃၂ဘစ်ရဲ့ အပျော့ထည်တွေကို ၆၄ဘစ်ကပံပိုးပေးပေမယ့် ခဏပဲ။နောက်ဆို ၆၄ဘစ် သီးသီးပဲလာမယ် သုံးရမယ်။ဒါမှမသုံးရင် ခေတ်မမှီဘူးဆိုပဲ။
၆။ အပေါ်ကအချက်မှာပြောတဲ့ ပံပိုးပေးမယ်ဆိုတာကလည်း အမာထည်ထုတ်တဲ့ ကုန်ပါပြီ ရွေးသေးတာ။အထဲမှာပြောတဲ့ကောင်က သိပ်မပံပိုးဘူး။ကေအန်ယူ အမျိုးတွေထောင်ထားတဲ့ “အေအမ်ဒီ”ကတော့ပံပိုးပေးတယ်။ ဒီမှာတင် အိပ်စ်-၈၆-၆၄နဲ့ ၆၄ ဆိုပြီး နှစ်ခုကွဲတော့တာပဲ။
အိပ်စ်-၈၆-၆၄ နဲ့ ၆၄
တကယ်တော့ သူတို့နှစ်ယောက်က ညီအကို။အိပ်စ်-၈၆-၆၄က ၃၂ဘစ်နဲ့ နည်းနည်းခင်တယ်။ဒီတော့ ဒီကောင်မပြုတ်ခင်မှာ ၃၂ရဲ့အလုပ်အားလုံးကို လွှဲယူလိုက်တယ်။သူ့အကို ၆၄ဘစ်ရဲ့နည်းပညာကိုလည်း မသုံးစွဲနိုင်သော်လည်း ဒီ “ငအ” လောကမှာဆက်လက်ပြီး အသက်ရှင်ချင်သေးတဲ့ (သို့) သူ့ ဘော်ဒါ ၃၂ဘစ်ရဲ့နည်းပညာ စည်းမျဉ်း စည်းကမ်း ဥပဒေသတွေကိုနှစ်သက်တဲ့ (သို့) သူ့အကို ၆၄ဘစ်ရဲ့နည်းပညာကို သုံးရမှာ မဝံ့သေးတဲ့ ယူစားတွေအားလုံးကို သူကကောင်းကောင်းအကူအညီပေးတယ်။သူ့ရဲ့နည်းပညာကိုသုံးပြီး ၃၂ဘစ်ရဲ့ အမာထည်နဲ့ အပျော့ထည် တွေကိုသုံးနိုင်တယ်။ ၆၄ဘစ်ရဲ့ အမာထည်နဲ့ အပျော့ထည် တွေကိုသုံးချင်ရင်လည်းရတယ်။ဒီကောင့်ရဲ့နည်းပညာကို “အေအမ်ဒီ”က ကောင်းကောင်း ပံပိုးပေးတယ်။“အထဲမှာပြောတဲ့ ကောင်ကတော့ အတွင်းရိုးနှစ်ခုဆိုပြီးတော့ ထုတ်လုပ်တယ်။ ဒါပေမယ့် သူက “အထဲမှာပြောတယ် အင်တာနီယမ်” ဆိုပြီးတော့ ၆၄ဘစ်ရဲ့နည်းပညာကိုပဲ အဓိကထားပြီး ထုတ်တယ်။ “အထဲမှာပြောတယ် အင်တာနီယမ်” ဆိုတာက အဓိကထိန်းချုပ်ရေးဌာနတွေမှာသုံးတဲ့ အချက်အလက်ထိန်းချုပ်ရေးကိရိယာတစ်မျိုးပဲ။ တကယ်တော့ “အထဲမှာပြောတယ် အင်တာနီယမ်” က ၃၂ဘစ်ရဲ့နည်းပညာကို ပံပိုးပေးပါတယ်။ မဆိုစလောက် ဖနှောင့်နဲ့ထပေါက်ချင်ရုံ နည်းနည်းနှေးတာပါ။
နည်းပညာအားသာချက်
အိပ်စ်-၈၆-၆၄ နဲ့ ၆၄ ညီအကိုရဲ့နည်းပညာကိုသုံးမယ်ဆိုရင် အောက်ပါအားသာချက်တွေကိုရမယ်လို့ဆိုပါတယ်။
၁။ ဂဏန်းပေါင်းစက်ဟာ မြောင်များလှသောဂဏန်းသင်္ချာတွေကို ၃၂ဘစ်ရဲ့နည်းပညာထက် နှစ်ဆမြန်မြန်တွက်နိုင်မယ်။
၂။ ကြီမားလေးလံတဲ့ အချက်အလက်တွေ ဥပမာ ခေတ်သစ်နည်းပညာသုံး ရွှေ့လှုပ်ရှားပုံများ၊ သိပ္ပံနည်းကျတွက်ချက်မှု၊ အချက်အလက်အစုအဝေး စသည်တို့ကို တည်းဖြတ်၊ ရွေ့ရှား၊ တွက်ချက်မှုများပြုလုပ်တဲ့အခါ ပိုမိုမြန်ဆန်စေပါတယ်။
၃။ ညွှန်းဆိုနိုင်သော ကြီးမားတဲ့ အတုအယောင် နေရာလွတ် ကိုလည်းရရှိနိုင်မှာဖြစ်တယ်။ ၃၂ဘစ်ရဲ့နည်းပညာနဲ့ဆိုရင် ၄ဂျီပဲရနိုင်ပေမယ့် ၆၄ဘစ်ရဲ့နည်းပညာနဲ့ဆိုရင် ၂၅၆တီဘီအထိရမှာဖြစ်တယ်။
၎။ညွှန်းဆိုနိုင်သော ကြီးမားတဲ့ ရုပ်ပိုင်းဆိုင်ရာ နေရာလွတ် ကတော့ ၁တီဘီရနိုင်မှာဖြစ်တယ်။
တခြားတခြားသော အားသာချက်တွေလည်းရှိသေးတယ်လို့ “ပျော့တဲ့မိုက်ခရို” က ပြောပါတယ်။ဘာပဲပြောပြောပါ ဟောဒိ “ငအ” လောကထဲကမထွက်နိုင်သရွေ့တာ့ ဒီ “ပျော့တဲ့မိုက်ခရို” “အထဲမှာပြောတဲ့” “အေအမ်ဒီ” “အိုင်ဘ်ီအမ်” “ပန်းသီး” “ဂျာဗား” စတဲ့ စတဲ့ နည်းပညာပါရဂူကြီးတွေရဲ့ တီထွင်မှု ရိုက်စားလုပ်မှု နားလှည့်ပါးရိုက်မှုတွေနဲ့ ကြုံရမှာ မလွဲပါ။
စာညွှန်း
မှတ်ဉာဏ်=memory | ယူစား=user | |
ကုန်ပါပြီ=Company | အတွင်းရိုးနှစ်ခု=dual core | |
ဂျာဗား=Java | သိမ်းဆည်းရန်နေရာ=Hard Disk | |
အမာထည်=Hardware | အပျော့ထည်=Software | |
ပန်းသီး=Apple | ပျော့တဲ့မိုက်ခရို=Microsoft | |
ကြီမားလေးလံ=Large | အချက်အလက်အစုအဝေး=data base | |
အေအမ်ဒီ=AMD | ငအ=IT(မယုံရင် keyboard ကိုကြည့်) | |
အိုင်ဘ်ီအမ်=IBM | အမြင်အာရုံ=Video adapter and monitor resolution | |
အထဲမှာပြောတဲ့=Intel | သိပ္ပံနည်းကျတွက်ချက်မှု=scientific computing | |
၃၂ဘစ်=32 bit | အလုပ်လုပ်တဲ့နှုန်း=CPU Speed, Processor Speed | |
ကိုဖိုးဘစ်ကြီး= 4bit | အတုအယောင်မှတ်ဉာဏ်=virtual memory | |
မောင်အိပ်ဘစ်=8 bit | မြောင်များလှသောဂဏန်းသင်္ချာ=factorials of large figures | |
ဆစ်တင်းဘစ်=16 bit | ခေတ်သစ်နည်းပညာသုံး ရွှေ့လှုပ်ရှားပုံ=digital video | |
၆၄ဘစ်=64 bit | အမာထည်သုံးရန်ဖြည့်စွက်ရသော အပျော့ထည်=Hardware Driver | |
အိပ်စ်-၈၆-၆၄=x86-64 | အထဲမှာပြောတယ် အင်တာနီယမ်= Intel Itanium Processor | |
ညွှန်းဆိုနိုင်သော ကြီးမားတဲ့ အတုအယောင် နေရာလွတ်=Large virtual address space | ||
ညွှန်းဆိုနိုင်သော ကြီးမားတဲ့ ရုပ်ပိုင်းဆိုင်ရာ နေရာလွတ်=Large physical address space |
9 comments:
sorry စာညွှန်းတစ်ခု ကျန်ခဲ့တယ်။ယူစားဆိုတာ user ကိုပြောတာ။
inn... pyae sone par tal...i toe twe thar real x64 machine use ya p so yin tot.. khat p... b'coz
"32-bit drivers don’t work in x64 OS" tae lay.. i toe twe money paw pone nae tot khat ya chi thay yae :P
but fortunately:
Microsoft writes that "the 64-bit editions are not for everyone."
taw par thay yae... not for everyone so loh pae ;-)
taw par p lay.. x128 machine kya mha pae use tot mal :D
Yooo!!!!
cheer ;)
တော်တော်လေးကိုပြည့်ပြည့်စုံစုံမျှပေးထားတာပဲ
ရယ်ရွယ်ချက်ကောင်းတဲ့ဘလော့ဂါပေါက်စလေးပဲ
:)
thanks synchro. I ask everyone to read my post and give comment. but nobody does except you and ma amy. your comment really encourage me. ;^)
Cheer!!!!!!!!!
;)
လောကကြီး
နာကျင်မှုတွေ
စွန့်လွှတ်ရမည့် အရာများ
ရွှင်လန်းချမ်းမြေ့ပါစေ...
ကျောင်းစာတွေလား။ သိပ်နားမလည်ဘူး။
ပိုစ့်အသစ်တွေရေးပါအုံးနော်။
အလည်လာပါအုံး။
ချမ်းမြေ့ပါစေ
မသက်ဇင်
မမြင်ရဘူး ကိုယ့်လူ။ ကျူပ်တို့ က မှန်ဘီလူး မျက်လုံးမှာ ကပ်ထားရတာ ဗျ။ မနဲ ပြူးပြဲကြည့်ရတယ်။ အဲဒီတော့ ကျူပ်မျက်စိကို မတရားအားယူကြည့် ရလို့ ခင်များကို အခွန်ကောက်မယ်
http://joyful4all.blogspot.com/2008/08/funny-landlord_24.html
ကဲ ပေးတော့
စာညွှန်းလေးတွေဖတ်ပြီး ရီသွားတယ်ဗျို့
Post a Comment